𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟖〕

 

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပခဲ့သည့် “Reception on ASEAN-China Year of People-to-People Exchanges and Lunar Year” သို့တက်ရောက်၍ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Hou Yanqi ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn တို့နှင့်အတူ အမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။

 

အဆိုပါအခမ်းအနားတွင် အမြဲတမ်းကိုယ်စားလှယ်အနေဖြင့် အာဆီယံ-တရုတ် ပြည်သူများ အကြားဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားကို ၂-၂-၂၀၂၄ ရက်နေ့တွင် ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊

 

ထိုသို့ အမှာစကား ပြောကြားရာ၌ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတား တည်ဆောက်ရာ၌ ပြည်သူနှင့် ပြည်သူ့အကြား အပြန်အလှန် ဖလှယ်မှု မြှင့်တင်ရေး၏ အရေးပါမှုကို အသိအမှတ်ပြုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ချစ်ကြည်ရေး၊ ညီညွတ်မှု၊ အပြန်အလှန်လေးစားမှုတို့ကို မြှင့်တင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပညာသင်အစီအစဉ်များ တိုးမြှင့် ပေးအပ်သွားမည်ဟု သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံ-တရုတ် ပြည်သူများအကြား ဖလှယ်ရေး ခေါင်းစဉ်အောက်ရှိ လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨