𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟖〕

 

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေ ကျပ် သုံးသောင်းတိုးမြှင့်ပေးမည်ဟူသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ (Information Team) ၏ ထုတ်ပြန်ဖြေကြားမှုအရ သိရသည်။

 

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာအားလုံးကို ယခုလမှစတင်ကာ ကျပ် သုံးသောင်းတိတိ တိုးမြှင့်ပေးမည်ဟုဆိုကာ ကောလာဟလသတင်းများ လူမှုကွန်ယက်ပေါ်၌ ဖော်ဖော်ဝါရီ ၄ ရက်မှစတင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကောလာဟလသတင်းများနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာတစ်ခုက သက်ဆိုင်ရာသို့ မေးမြန်းရာ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် လစာတိုးမြှင့်ပေးရန်နှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားမှု မရှိသေးပါကြောင်း ဖြေကြားအပ်ပါသည်။ ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ဖြေကြားခဲ့ခဲ့ခြင်းလည်းဖြစ်သည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ပင်စင်စား ကိုးသိန်းကျော်ရှိနေပြီး အဆိုပါ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်၌ လွယ်ကူသက်သာစွာ ထုတ်ယူနိုင်ရန် e-Pension Card များဖြင့် ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသလို Myanmar Mobile Money၊ Wave Money စသည့် မိုဘိုင်းလ်ဝန်‌ဆောင်မှုများကို အသုံးပြု၍လည်း ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨