𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟖〕

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းရှိ အင်းစိန်အကျဉ်းထောင်နှင့် အင်းစိန်မြို့နယ် မီးသတ်စခန်းအနီးမှ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အမည်ခံ အကြမ်းဖက်အုပ်စုက ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဥ်သည် ယနေ့ ဖေဖော်ဝါရီ ၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိခဲ့သော်လည်း အခင်းဖြစ်နေရာအနီး၌ ရပ်ထားသည့် ကား(၂)စီး ဗုံးစထိမှန်ကာ ပျက်စီးမှုအချို့ရှိခဲ့သည်ဟုဆိုသည်။

 

လက်ရှိတွင် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော်လည်း အကြမ်းဖက်တရားခံများကိုတော့ ဖမ်းမိခြင်း မရှိသေးဘူးဟု သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨