𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟖〕

 

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂၄ ဦးကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ ၇ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဖော်ပြမှုများအရ သိရသည်။

 

ဖမ်းဆီးခြင်းခံခဲ့ရသူ မြန်မာနိုင်ငံသားများထဲတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၁ ဦးပါဝင်သည်ဟု သိရပြီး ၎င်းမြန်မာအလုပ်သမားများအနေဖြင့် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း၌ ရောက်ရှိလုပ်ကိုင်နေသည်မှာ ၁ လခန့်သာရှိသေးသည်ဟုဆိုသည်။

 

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိသူများကို မဟာချိုင်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံအတွင်း တရာမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့နဲ့ အမှုဖွင့်လှစ်ထားသလို တရားမဝင် အလုပ်ခန့်ထားသည့် ထိုင်းအလုပ်ရှင်ကိုလည်း အမှုဖွင့်လှစ်ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨