𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟖〕

 

အကြမ်းဖက်သမားတွေ ဝင်ရောက်နေရာယူထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို တပ်မတော်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ကန့်ဘလူနယ်ကို အောင်မြေနင်းကာ အပြီးတိုင် ပြန်လည်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

 

❝ကောလင်းကို ပြန်သိမ်းတာ မှန်ပါတယ်။ မနေ့က (ဖေဖော်ဝါရီ ၇ ရက်) ညပိုင်းကတည်းက ပြန်ရတာ။ ဒီနေ့မှာတော့ မြို့ထဲမှာရှိတဲ့ အကြမ်းဖက်တွေအားလုံးကို ရှင်းပြီးသွားပြီ။ တစ်ကောင်မှမကျန်တော့ဘူး။ အခုဆိုရင် မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေပြီ။ ပြီးတော့ အကြမ်းဖက်တွေ ဆောက်ထားတဲ့ ဘန်ကာတွေကို စပြီးဖျက်ဆီးနေပြီ။❞ လို့ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံတစ်ဦးက MHT ကို ပြောပြသွားပါတယ်။

 

အဲဒီ KIA/PDF အကြမ်းဖက်သမားတွေကို ရှင်းလင်းဖို့အတွက် တပ်မတော်စစ်ကြောင်းတွေဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၈ ရက်မှာတော့ ကောလင်းတစ်မြို့လုံးကို အလုံးစုံ သိမ်းပိုက်ပြီးနောက် လိုအပ်တဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

 

ဒါ့အပြင် မသေဘဲ ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမားတွေဟာ ကောလင်းအနီးအပါးက ကျေးရွာအချို့ကိုပါ မီးရှို့သွားနေတာကြောင့် တပ်မတော်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက လိုက်လံရှင်းလင်းမှုတွေ ထပ်မံလုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း ၎င်းဒေသခံရဲ့ ပြောပြမှုအရ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨