𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙁𝙚𝙗 ~ 𝟖〕

 

ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့်ကို ယာယီပိတ်ထားသည့် ကရင်ပြည်နယ်ရှိ မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းတွင် ယနေ့ ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ အဆိုပါ ကုန်တင်ကားကြီးများကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

 

အဆိုပါ မြဝတီ-ထို့ကော်ကိုးလမ်း၌ လမ်းပိုင်းအခြေအနေအရ ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားလေးများကိုသာ ဖြတ်သန်းခွင့် ပြုခဲ့ပြီး ကုန်တင်ကားကြီးများဖြစ်သည့် ၁၀ ဘီး၊ ၁၂ ဘီးနှင့် တွဲကားများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

 

ယခုအခါ ယာဥ်/ကုန်(၁၅)တန်ပါ ၆ ဘီးကားများ၊ ယာဥ်/ကုန်(၂၀)တန်ပါ ၁၀ ဘီးနှင့် ၁၂ ဘီးကားကြီးများကို နံနက် ၆ နာရီမှ၊ ည ၁၂ နာရီအထိ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားကြီးများအားလုံးသည် ကတ္တားချိန်ပြီးမှသာ ဖြတ်သန်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨