𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙖𝙣 ~ 𝟐𝟓〕

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိခဲ့သူက သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၊ ညောင်လေးပင်၊ ကတိုက်ကလေးလမ်းခွဲအနီးမှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ကိုမင်း ဆိုသူဖြစ်တယ်လို့ သိရပြီး သူဟာ နေထိုင်ရာ ကားလမ်းဘေး နေအိမ်စျေးဆိုင်မှာ မူးယစ်ဆေးဝါးအချို့ကို ရောင်းနေတာလို့ ဆိုပါတယ်။

 

သတင်းအရ ၎င်းဈေးဆိုင်ကို စစ်ဆေးရာမှာတော့ နေအိမ်ဈေးဆိုင်အနောက်ဘက် မီးဖိုချောင်ဝါးထရံမှာ ချိတ်ဆွဲထားတဲ့ အစိမ်းရောင် ပလပ်စတစ်ဆွဲခြင်းအတွင်းထည့်ထားတဲ့ Vievet တံဆိပ်ပါ အစိမ်းရောင် ကော်ဗူးအတွင်းကနေ အပြာရောင် ကပ်ခွါပလပ်စတစ် အိတ်အသေး ခြောက်အိတ်နဲ့ထည့်ထားတဲ့ WY စာတမ်းပါပန်းရောင် စိတ်ကြွရှူးသွပ်ဆေးပြား ၉၆၈ ပြားကို တွေ့ရှိ သိမ်းဆည်းရရှိခဲ့တာပါ။

 

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကိုမင်း ဆိုသူကို သိမ်ဆိပ်နယ်မြေရဲစခန်းမှာ မယ(ပ)၁/၂၀၂၄ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က) အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨