သူ ဘာတွေပြောထားတယ်ဆိုတာ ရခိုင်စကားနားလည်သူတွေ သိကြမှာပါ။
ကြားသိရတဲ့သတင်းတွေအရ AA သူပုန်ခေါင်းဆောင်တွေဟာ လက်အောက်ငယ်သားတွေကို နည်းမျိုးစုံသုံးပြီး ညှင်းပန်းနှိပ်စက်တဲ့အပြင် ရိက္ခာနဲ့ လစာငွေလည်းမပေးဘဲ ❛မင်းတို့ကိုပေးထားတဲ့သေနတ်တွေက အလှကြည့်ဖို့မဟုတ်ဘူး။ ထမင်းရှာစားဖို့ကွ။❜ ဆိုပြီး ဓားပြတိုက်စားခိုင်းတာတွေ၊ ဆက်ကြေးကောက်စားခိုင်းတာတွေ လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။
အဲဒီလို ဆက်ကြေးကောက်၊ ဓားပြတိုက်လို့ ရလာတဲ့အထဲကလည်း ခေါင်းဆောင်ပိုင်းတွေကို ပြန်လည်ခွဲဝေပေးနေရပြီး မပေးရင် အပြတ်ရှင်းစနစ်နဲ့ သတ်ပြစ်လိုက်ကြတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်းမှာဆိုရင် ကျေးရွာတွေမှာရှိတဲ့ ရခိုင်အမျိုးသမီးငယ်လေးတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ခေါင်းဆောင်ပိုင်းတွေ ခြေတော်တင်ဖို့ ဆက်သနေရတယ်လို့လည်း ပြောပါတယ်။
မိမိတိုင်းရင်းသားအချင်းချင်း ယခုလို ပြုမူဆက်ဆံနေမှုတွေကြောင့် AA သူပုန်အဖွဲ့ထဲက တပ်ဖွဲ့ဝင်တွေဟာ အများအပြား ထွက်ပြေးနေကြတယ်လို့လည်း သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨
Recent Comments