အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) အရ အာဆီယံဒေသအား တစ်ပေါင်းတည်းသော ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်လျက်ရှိရာတွင် အာဆီယံဒေသသို့ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရေးကို မဟာဗျူဟာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံရှိ Empark Grand Hotel Kumming ၌ ကျင်းပပြုလုပ်သည့် အာဆီယံ- တရုတ်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ များစွာရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံဒေသ၊ အထူးသဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် စပ်လျဉ်း၍ Power Point Presentation ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨
Recent Comments