ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူများကို PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တစ်ခု နိုင်ဝင်ဘာ ၇ ရက်၊ မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း နစကထုတ်ပြန်သောသတင်းအရ သိရသည်။

 

ထိုသို့တိုက်ခိုက်ခဲ့မှုကြောင့် အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံ အရပ်သားပြည်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ပေါင်း ၆ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်ဟုဆိုသည်။

 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ဝေါမြို့နယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨