တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်ထဲက အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အဆိုပါ အကြမ်းဖက်စခန်းဟာ ရေဖြူမြိုနယ်၊ နဘူးလယ်ဒေသ၊ ကမြိုင်ဆွဲကျေးရွာအတွင်းက လူနေအိမ် ၂ လုံးမှာ အခြေပြုထားတာဖြစ်ပြီး တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိချိန်မှာ အကြမ်းဖက်သမားတွေကိုတော့ တွေ့ရှိရခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
၎င်းအကြမ်းဖက်သမားတွေဟာ တိုက်ပွဲတစ်နေရာမှာရသေကုန်ကြတာလား၊ ကိုယ်ပျောက်ကုန်ကြတာလား ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြတာလားဆိုတာကိုတော့ ဒေသခံတွေကိုယ်တိုင်တောင် မသိရှိရဘူးလို့ သိရပြီး အဲဒီ လူနေအိမ် ၂ လုံးအတွင်းကနေ အကြမ်းဖက်တွေအသုံးပြုတဲ့ လက်နက်၊ ခဲယမ်း၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုသာ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨
Recent Comments