မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး နိုဝင်ဘာ ၁၉ ရက်၊ ည ၆ နာရီကျော်အချိန်ခန့်က နေအိမ်မှာ သေနတ်နဲ့ အပစ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ထိုသို့သေနတ်နဲ့အပစ်ခံရသူက ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ပိတောက်မြိုင်လမ်းမှာနေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် ဦးစံထွန်းဆိုသူဖြစ်တယ်လို့ သိရပြီး သူဟာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သလို တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

 

၎င်းဟာ နေအိမ်မှာရှိနေစဥ် အကြမ်းဖက်သမားတွေက ဆိုင်ကယ်နဲ့ရောက်ရှိလာကာ နေအိမ်ထဲအထိဝင်ရောက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပုခုံး၊ လက်တွေနဲ့ရင်အုံမှာ ကျည်ဖောက်ဝင်ဒဏ်ရာ (၄) ချက်ရရှိခဲ့ပေမယ့် အသက်မသေဘဲ မိတ္တီလာ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨