ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့က အသက် (၅၀) ကျော်အရွယ်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးကို အကြမ်းဖက် NUG ရဲ့ PDF တွေက အုပ်စုလိုက်မုဒိန်းကျင့်ပြီး သတ်ဖြတ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

❛သူက ယာထဲမှာ ဟင်းသီးဟင်းရွက်သွားရှာတာလို့ပြောတယ်။ ညနေစောင်းတဲ့အထိ ပြန်မလာလို့ သူ့မိသားစုတွေက လိုက်ရှာတော့မှ ယာထဲက တဲတစ်လုံးထဲမှာ အသတ်ခံထားရတာကိုတွေ့တာ။ အလောင်းကို ဆေးရုံပို့ စစ်ဆေးကြည့်တော့ မုဒိန်းအကျင့်ခံထားရတာကို သိရတာတဲ့။❜ လို့ ဒေသခံတစ်ယောက်က ပြောပြခဲ့တာပါ။

 

ဒါ့အပြင် အဲဒီ နိုဝင်ဘာ ၃ ရက်နေ့မှာပဲ စိန်ကန့်လန့်-မြို့ချောင်းရိုးမဖြတ်ကျော်လမ်း မိုင်တိုင် (၄၇) အနီးမှာ အရပ်သားကားတစ်စီးကို တားဆီးပြီး ယာဥ်မောင်းဖြစ်တဲ့ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာမှာနေထိုင်သူ အရပ်သားတစ်ဦး သတ်ဖြတ်ခဲ့သလို ကားကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨