ကယားပြည်နယ်ဘက်မှာ ပျက်ကျသွားခဲ့တဲ့ တပ်မတော် တိုက်လေယာဉ်ပေါ်က လေယာဉ်မှူးနှစ်ဦးအနက် တစ်ဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်ဝါဒဖြန့်သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ကရင်နီတော်လှန်ရေးပူးပေါင်းအင်အားစုဆိုတဲ့ အကြမ်းဖက်အုပ်စုက ကရင်နီဒေသ ဒီမောဆို့အနောက်ဘက်ခြမ်းမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်အတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုထားပါတယ်။

 

ဖမ်းဆီးရမိတဲ့ တိုက်လေယာဉ်မှူးဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၄) သင်တန်းဆင်း ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ပြီး ကျန်တွဲဖက်လေယာဉ်မှူးဖြစ်တဲ့ ဗိုလ်အဆင့်ရှိ ဇာနည်မောင်ကို ဆက်လက်ရှာဖွေနေတယ်လို့လည်း ဖော်ပြထားကြပါသေးတယ်။

 

လက်ရှိမှာ ဒီသတင်းနဲ့ပတ်သက်လို့ နစကဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးဘဲ အဆိုပါလေယာဥ်ဟာ စက်ချို့ယွင်းပြီး ပျက်ကျခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့စဥ်ကတော့ လေယာဥ်ပေါ်ပါ လေယာဥ်မှူး၊ အကူလေယာဥ်မှူးတွေနဲ့ အဆက်အသွယ်ရရှိပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨