ထိုင်းနိုင်ငံအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံပြီး အမိမြေသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၇၅ ဦးကို မြန်မာနိုင်ငံ တာဝန်ရှိအဖွဲ့အစည်းများက လက်ခံကြိုဆိုခဲ့ကြသည်ဟု သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား ၇၅ ဦးထဲတွင် ၁၈ နှစ်အောက် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး ၊၁၈ နှစ်အထက် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၅၅ ဦး ပါဝင်ကြောင်းသိရပြီး ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံ တာဝန်ရှိသူများက ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ကော့သောင်းမြို့သို့ ရောက်လာသည့် ယင်းမြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများကို သတ်မှတ်ထားသည့် အသွားအလာစောင့်ကြည့်ရေး စင်တာများတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨
Recent Comments