ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာ (အနောက်ပိုင်း)မြိုနယ်၊ ၂၀ ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်ရှိ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး၌ ယနေ့ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ခရီးသည်တင်ယာဥ်တစ်စီး ဘရိတ်ပေါက်ကာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဥ်မှာ ဖျာပုံ- ရန်ကုန် (လှိင်သာယာ) ပြေးဆွဲနေသော “သမာဓိ” ခရီးသည်ပိုဆောင်ရေးယဉ်လိုင်းမှ ယာဥ်တစ်စီးဖြစ်ကြောင်း သိရပြီး အဆိုပါယာဥ်တိုက်မှုကြောင့် ကနဦးတွင် သေဆုံးသူ ၃ ဦးရှိခဲ့သော်လည်း ဆေးရုံသို ပိုဆောင်စဥ် တစ်ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူ ၄ ဦးရှိခဲ့ကြောင်း အမှတ် ၄ ရပ်ကွက် ရွှေပြည်သာ အရန်မီးသတ်စခန်းက ဆိုထားသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူ ၄ ဦးရှိကြောင်းလည်း အဆိုပါ အမှတ် ၄ ရပ်ကွက် ရွှေပြည်သာ အရန်မီးသတ်စခန်း ၏ သတင်းဖော်ပြထားမှုအရ သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨
Recent Comments