ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တွေမှာ မီတာခမဆောင်တဲ့ နေအိမ်တွေမှာရှိတဲ့ မီတာဘောက်စ်တွေကို စက်တင်ဘာ ၁၉ ရက်ကစပြီး လိုက်ဖြုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လျှပ်စစ်တာဝန်ရှိသူတွေဘက်က မီတာမဆောင်ထားကြတဲ့ ရပ်ကွက်အစုံမှာ မီတာစာရွက်တွေကို ကြိုတင်လိုက်ဝေထားခဲ့ပြီးမှ မီတာခ လာမဆောင်တဲ့အထဲက ငွေကျပ် ၁၀ သိန်းအထက် လျှပ်စစ်မီးအသုံးပြုခ ကျသင့်နေတဲ့အိမ်တွေနဲ့ ဆိုင်တွေကို အဓိကထားပြီး မီတာဘောက်စ်တွေ၊ အိမ်အဝင်မီးကြိုးတွေကို ဖြုတ်နေတာလို့ ဆိုပါတယ်။

 

ယခုလို မီတာဘောက်စ်တွေ လိုက်လံဖြုတ်သိမ်းချိန်မှာ မီတာခ လာဆောင်တဲ့သူတွေရှိသလို မဆောင်ဘဲ အခြေအနေစောင့်ကြည့်နေသူတွေလည်း အများအပြားရှိနေသေးတယ်လို့ သိရပြီး ပြည်နယ်ရုံးဘက်က တစ်ရက်ကို မီတာဘောက်စ် ၄၃ လုံးအထိ လိုက်လံ ဖြတ်တောက်ရမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့လည်း ကြားသိရကြောင်း ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

 

ဓာတ်ပုံ.. ပုံဟောင်း

#𝙢𝙝𝙩𝙣𝙚𝙬𝙨