ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ကျရောက်သည့် တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့၌ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ နှစ်သောင်းကျော်ခန့် ရှိခဲ့ကြောင်း ဒေသခံတွင်းသတင်းများအရ သိရသည်။

 

အဆိုပါ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားများအနက် ဂေါပကထားရှိသည့် ဘုရား (၁၉)ဆူကို ဝါတွင်းကာလ၌ နံနက် ၅နာရီမှ ညနေ ၇ နာရီအထိ ဖွင့်လှစ်ပေးလျှက်ရှိသည်ဟုဆိုသည်။

 

ပုဂံဒေသသည် အခါကြီးရက်ကြီးမဟုတ်သည့် ပုံမှန်နေ့များ၌ပင် ဘုရားဖူးများအမြဲလာရောက်လျှက်ရှိသည့်ဒေသဖြစ်ပြီး ယခုကဲ့သို့ အခါကြီးရက်ကြီးများနှင့် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် အထူးစည်ကားကြောင်းလည်း ဒေသခံများ၏ ပြောပြမှုအရ သိရသည်။

#𝙢𝙝𝙩𝙣𝙚ws