စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က ထုတ်ပြန်တဲ့ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၄ ရက်အထိ တစ်ပတ်စာအတွက် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးနှုန်းဟာ တစ်ပိဿာကို ၄၄၄၀ ကျပ်ဖြစ်တယ်လို သိရပါတယ်။

အဲဒီဈေးနှုန်းဟာ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက်နဲ့ ဈေးနှုန်းတွေအရ သတ်မှတ်ထားတာဖြစ်ပြီး ယခင်တစ်ပတ်ကတော့ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၄၅၂၄ ကျပ် သတ်မှတ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်ပိဿာကို ၈၄ ကျပ်ကျသွားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့စီစဉ်ကြီးကြပ်မှုနဲ့ မြိုနယ်တွေက သတ်မှတ်လက်လီ အရောင်းဆိုင်တွေမှာ စားအုန်းဆီတစ်ပိဿာကို ကျပ် ၄၅၀၀ နဲ့ ရောင်းချပေးနေပေမယ့် ပြင်ပ လက်လီအရောင်းဆိုင်တွေမှာတော့ စားအုန်းဆီတစ်ပိဿာကို ကျပ် ၈၀၀၀ ကျော်ကနေ ကျပ် ၁၀,၀၀၀ ဝန်းကျင် အထိရှိနေပြီး ဝယ်မရဖြစ်နေတယ်လိုလည်း စားသုံးသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨