တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုမှာ အခြေစိုက်တဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ ဥက္ကဋ္ဌတစ်ဦးကို PDF တွေက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို ထားဝယ်ပြောက်ကျားတပ်ဖွဲ ဆိုတဲ့ PDF အဖွဲတစ်ဖွဲက ထုတ်ပြန်ထားပါတယ်။
အဖမ်းခံရသူဟာ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲက ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်ဖြစ်တယ်လို သိရပြီး လောင်းလုံးမြိုနယ်၊ ကျောက်နီမော်ကျေးရွာမှာ မြေပြိုမှုကို သွားရောက်ကူညီပြီး ထားဝယ်မြိုကိုအပြန် ညင်းမော်ရွာအနီးမှာ ဖမ်းဆီးလိုက်တာလို ဆိုပါတယ်။
၎င်းဟာ PDF တွေရဲ့ သတင်းအချက်အလက်တွေကို လုံခြုံရေးတပ်ဖွဲတွေဆီ ပေးပိုနေသလို မတရားနည်းနဲ့ ငွေရှာတာတွေလည်း ပြုလုပ်နေတယ်ဆိုတဲ့သတင်းအရ ယခုလို ဖမ်းဆီးတာဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသလို လက်ရှိအထိ စစ်ဆေးနေဆဲဖြစ်တယ်လိုလည်း သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨
Recent Comments