မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြိုနယ်၊ ငွေတောင်ကျေးရွာမှာ စက်တင်ဘာ (၁၆) ရက် ညပိုင်းက အရပ်သား လင်မယားစုံတွဲတွေဖြစ်တဲ့ အမျိုးသား (၂) ဦး နဲ့ အမျိုးသမီး (၂) ဦးတို သေနတ်နဲ့ပစ်သတ်တာ ခံလိုက်ရတယ်လို သိရပါတယ်။

အသတ်ခံရသူတွေက ငွေတောင်ကျေးရွာမှာရှိတဲ့ “မြနန်းဟေမာန်” စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်နဲ့ ဇနီးဖြစ်တဲ့ ဒေါ်သဲနုငယ်၊ “ကုဋေစု” စားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်းနဲ့ ဇနီးဖြစ်သူ ဒေါ်လွင်လွင်ဌေးတို ဖြစ်ကြတယ်လို ဆိုပါတယ်။

အမည်မသိ လက်နက်ကိုင်အဖွဲတစ်ဖွဲဟာ အဆိုပါ ငွေတောင်ကျေးရွာကို ကားတစ်စီးနဲ့ရောက်ရှိလာပြီး “မြနန်းဟေမာန်” စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းဇော် ဆိုသူကို ဆိုင်ရှေ့မှာတင် ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

ဦးသိန်းဇော်ရဲ့ဇနီး ဒေါ်သဲနုငယ်နဲ့ “ကုဋေစု” စားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်း၊ ဇနီးဖြစ်သူ ဒေါ်လွင်လွင်ဌေးတို ၃ ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စဉ့်ကူးမြိုနယ်၊ ညောင်ဝန်းကျေးရွာနဲ့ ရွှေပြည်ကျေးရွာကြား မန္တလေး- မိုးကုတ်ကားလမ်းမကြီးဘေးမှာ ပစ်သတ်ခဲ့ကြတာလို သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨