မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG)အရောင်းဆိုင်များတွင် CNG သုံး မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရမှု လျော့ကျစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းအတွင်းရှိ CNG အရောင်းဆိုင်အချိုတွင် ဇူလိုင်လနောက်ဆုံး အ ပတ်မှစတင်ကာ သဘာဝဓာတ်ငွေ့များ အင်အားဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှစ၍ ညောင်တုန်း- မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေက ထွက်ရှိသည့် သဘာဝဓာတ်ငွေ့၊ ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကထွက်ရှိသည့် သဘာဝဓာတ်ငွေ့အပြင် ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို အားဖြည့် အသုံးပြုနေခြင်းဖြစ်သည်ဟုဆိုသည်။

“ကြားတော့ကြားနေတာပဲ။ ဒါပေမယ့် ကျွန်တော်တိုကတော့ စောင့်ရတဲ့အချိန်နဲ့ပတ်သက်ပြီး သိပ်ပြီးထူးခြားတယ်လို မခံစားရဘူး။ ဘာကြောင့်လဲဆိုတော့ အရင်ကလည်း အနည်းဆုံး ၃ နာရီလောက်စောင့်ရတာပဲ။ အခုလည်း သိပ်တော့မထူးပါဘူး။ ကျွန်တော့်အမြင်အရတော့ ဓာတ်ငွေ့အင်အားဖြည့်သလို အရောင်းဆိုင်တွေ တိုးချဲ့ဖိုလည်း လိုမယ်ထင်တယ်။” လို CNG သုံး အငှားယာဥ်မောင်းတစ်ဦးက ပြောပြသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မော်တော်ယာဉ်သုံး CNG ကို တွဲကားများဖြင့် ရောင်းချပေးသည့်ဆိုင် ၆ ဆိုင်နှင့် ပိုက်လိုင်းများ သွယ်တန်း၍ ရောင်းချပေးသည့်ဆိုင် ၃၅ ဆိုင် စုစုပေါင်း ၄၁ ဆိုင်ရှိပြီး နေ့စဉ် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချပေးနေကြောင်းနှင့် တစ်ရက်လျှင် ကားအစီးရေ ၂၈၀၀၀ ကျော် လာရောက်ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
#mhtnews