(၇)ကြိမ်မြောက် တရုတ် – တောင်အာရှကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း)ပိုကုန်/သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားနှင့် အခြားဆက်စပ်အခမ်းအနားများသို တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတိုသည် သြဂုတ် (၁၄) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားများကို တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတိုမှ ကြီးမှူး၍ ကူမင်းမြိုတွင် ဩဂုတ်လ (၁၆) ရက်မှ (၂၀) ရက်အထိကျင်းပသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသို ထွက်ခွာသွားသည့် ပြည်ထောင်စုဝန်ကြီး (၃) ဦးအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ Economic & Commercial Counsellor ဖြစ်သည့် Mr. Ouyang Daobing နှင့် တာဝန်ရှိသူတိုက လိုက်ပါပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#mhtnews