ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ အကြမ်းဖက်သမား ၁၅၆ ဦးကို အသေမိခဲ့ပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) နယ်မြေအတွင်းက အများဆုံးဖြစ်တယ်လို နယ်မြေခံ လုံခြုံရေးတပ်ဖွဲတွေဆီကရရှိတဲ့ သတင်းအချက်အလက်တွေကို စုစည်းပြုစုပြီး မှတ်တမ်းတင်နေတဲ့ Citizen Journalist တွေက သတင်းဖော်ပြထားပါတယ်။

အဲဒီစာရင်းတွေအရ အရှင်ဖမ်းမိတဲ့ အကြမ်းဖက်သမားအရေအတွက်ဟာ ၅၀ ဦးရှိသလို အလင်းဝင်လာတဲ့အရေအတွက်က ၅၂ ဦးရှိပြီး အရှင်ဖမ်းဆီးရရှိမှုဟာ အရှေ့ပိုင်းတိုင်စစ်ဌာနချုပ်နယ်မြေက ၂၃ ဦးအထိပါဝင်ကာ အလင်းဝင်လာသူကတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေက ၁၆ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

လက်နက်၊ ခဲယမ်း သိမ်းဆည်းရရှိမှုအနေနဲ့က လက်နက်ငယ် ၂၈၂ လက်၊ လက်နက်ကြီး ၇၁ လက်၊ ကျည်မျိုးစုံ ၁၇၅၁၃ တောင့်၊ ဗုံးသီး ၈၇၅ လုံး၊ မိုင်း ၅၂၅ လုံးနဲ့ ဆက်စပ်ပစ္စည်း ၉၆၂ မျိုးပါဝင်တယ်လိုလည်း Citizen Journalist တွေ ပြုစုထားတဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#mhtnews