သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိတဲ့ မြေဧက ၁၆ သိန်းကျော်ကို နိုင်ငံပိုင်အနေနဲ့ ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ပြောဆိုမှုအရ သိရပါတယ်။

 

မြန်မာတစ်နိုင်ငံလုံးမှာ အမှန်တကယ်လုပ်ကိုင်နိုင်မယ့် တောင်သူလယ်သမားတွေ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတော်က မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း ဧကပေါင်း ၂၂ သိန်းကျော်ကို အသုံးပြုခွင့်ချထားပေးခဲ့ပေမယ့် သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်တာမရှိတာကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနဲ့အညီ ပြန်လည်သိမ်းဆည်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းဟာ ဧကပေါင်း သန်း ၄၀ ကျော်ရှိပြီး မြေယာလုပ်ကိုင်လိုသူ တောင်သူတွေအနေနဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှာ လျှောက်ထားကာ ခွင့်ပြုချက်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တယ်လို့လည်း သိရပါတယ်။

#mhtnews