တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၄ခုနှစ်အတွက် မြန်မာအပါအဝင် လုပ်သားတွေကိုပေးရမယ့် အနိမ့်ဆုံး လုပ်ခနှုန်းထားသစ် တိုးမြှင့်သတ်မှတ်ရေးအတွက် အနိမ့်ဆုံးလုပ်အားခသတ်မှတ်ရေးကော်မတီ အစည်းအဝေးတစ်ရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက် နဲ့ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကိုရီးယားသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ရေး မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမှုအများအပြားရရှိခဲ့တာကြောင့် တိုးမြင့်လာတဲ့ လစာနှုန်းထားအသစ်ကို သတ်မှတ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယားသတင်းတွေက ဆိုပါတယ်။
တောင်ကိုးရီးယားနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားဟာ ယခင်က ၁ နာရီကို ဝမ် ၉၆၂၀ ရှိခဲ့ရာကနေ ယခု ၂၀၂၄ ခုနှစ်အတွက်ကိုတော့ ၁ နာရီ ဝမ် ၉၈၆၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တာကြောင့် ဝမ် ၂၄၀ ပိုတိုးလာခဲ့တာဖြစ်ပြီး ၁ နာရီကို မြန်မာငွေ ၁၆၄၀၀ ကျပ်ခန့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
Recent Comments