တပ်မတော်သားတွေ CDM လုပ်ပြီး သူတို့ဘက်ဝင်လာရင် သိန်းငါးဆယ်ပေးမယ်ဆိုတဲ့ လေလုံးထွားနေတဲ့ အကြမ်းဖက်အုပ်စုက AK 47 သေနတ် ၂ လက်နဲ့ ကျည်ဆန်ဝယ်ဖို့အတွက် ပြည်သူတွေဆီကနေ ဆက်ကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ကတော့ လူကြားကောင်းအောင် အလှူခံတယ်ပြောတာပေါ့ဗျာ။ ဒါပေမယ့် ဆက်ကြေးကောက်တာပါပဲ။ တစ်အိမ်ကို တစ်လ နှစ်သိန်းနှုန်းနဲ့ နှစ်လပေးရမယ်လို့ပြောတယ်။ အခုက ပြည်သူတွေမှာ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာ ဘယ်လိုရှာပေးရမှန်းမသိဘူး။ မပေးနိုင်လို့သတ်ရင်လည်း သေရုံပဲရှိတော့တယ်။” လို့ ရွှေဘိုနယ်မှ ဒေသခံတစ်ဦးက ပြောပြခဲ့တာပါ။
အဲဒီဆက်ကြေးတောင်းခံမှုကို ဘီလူးညီနောင် ဆိုပြီး မကောင်းဆိုးရွားအမည်ပေးတဲ့ ရွှေဘိုအခြေစိုက် PDF အမည်ခံ အကြမ်းဖက်မိစ္ဆာအုပ်စုက လုပ်ဆောင်နေတာလို့ သိရပြီး ငွေကျပ် သိန်း ၅၀၀ ရဖို့လိုအပ်နေတာလို့လည်း ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#mhtnews
Recent Comments