Lion Battalion အဖွဲ့မှ လက်ပြတ်အယ်ဆေးဝါးရဲ့ တပည့်တွေထဲက ခိုင်းလို့ကောင်းအောင် ဒုစစ်ကြောင်းမူးဆိုတဲ့ ဂုဏ်ပုဒ်ကိုတပ်ပြီး နဖားကြိုးထိုးထားတဲ့ သီဟ ဆိုသူ အကြမ်းဖက်သမားနဲ့ ဘာမှပြန်ကြားစရာမရှိဘဲ
ပြန်ကြားရေးတာဝန်ခံရာထူးပေးထားတဲ့ ထက်နေဝန်း ဆိုသူအကြမ်းဖက်သမားအပါအဝင် ဘာကောင်မှန်းမသိတဲ့ အကြမ်းဖက်သမားတွေကို ထိုင်းအစိုးရကနေ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဖော်ပြထားပါတယ်။
၎င်းအကြမ်းဖက်သမား ၃ ဦးဟာ တပ်မတော်စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ ကျုံဒိုးတိုက်ပွဲမှာ ဒဏ်ရာရရှိပြီး ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံအတွင်းက ဆေးရုံတွေအနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်သမားတွေကို ဆေးကုသပေးလို့မရတော့သလို အကယ်၍ အကြမ်းဖက်များ ဆေးရုံရောက်လာရင်လည်း အာဏာပိုင်တွေကို အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
#mhtnews
Recent Comments