အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးနှင့် လယ်သမားများ လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့၌ မတ်လ ၁၀ ရက်တွင် ကျင်းပခဲ့သည့် သစ်ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။
သံအမတ်ကြီးသည် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ၊ India’s Vision for Bamboo session တွင် အိန္ဒိယအစိုးရ၊ စိုက်ပျိုးရေးဝန်ကြီးဌာနမှ Additional Secretary Dr. Abhilaksh Likhi ၊ သစ်သီးဝလံပန်းမန်ကော်မရှင်နာ Mr. Prabhat Kumar၊ တွဲဖက်အတွင်းဝန် Mr Priya Ranjan နှင့် သစ်သီးဝလံပန်းမန်ဌာန ညွှန်ကြားရေးမှူး Mr. Manoj Kumar တို့နှင့်အတူ ပါဝင်တက်ရောက်၍ မြန်မာနိုင်ငံ၏ သစ်ဝါးကဏ္ဍ အခြေအနေနှင့် အိမ်နီးချင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများ၊ မြန်မာနိုင်ငံ၏ ဝါးနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယမှ ပါဝင်နိုင်မှု အခြေအနေများကို ပါဝင်ဆွေးနွေးခဲ့သည်ဟုဆိုသည်။
အဆိုပါ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများ ဖူလုံရေးဝန်ကြီးဌာနအပါအဝင် အိန္ဒိယအစိုးရတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံများမှ သံအမတ်ကြီးနှင့် သံတမန်များ၊ စိုက်ပျိုးရေးနှင့် သစ်သီးဝလံ ပန်းမန်ဂေဟစနစ်တွင် အဓိကပါဝင်ပတ်သက်သူများ၊ လုပ်ငန်းရှင်များ၊ ဝါးပညာရှင်နှင့် ဝါသနာရှင်များ၊ ဝါးစိုက်ပျိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Recent Comments