ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ လမ်းဘေးအုတ်ခုံပေါ်၌ အမျိုးသားတစ်ဦး ထိုင်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို ယနေ့(မတ် ၁၃ ရက်) နံနက် ၉ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ရသည်ဟု သိရသည်။

 

သေဆုံးသူ အမျိုးသားမှာ အသက် (၃၀) ကျော်အရွယ်ခန့်ရှိပြီး ခန္ဓာကိုယ်ပြင်ပ၌ ဒဏ်ရာဒဏ်ချက် မတွေ့ရှိဘဲ မည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကို မသိရှိရသေးဘဲ ရင်ခွဲစစ်ဆေးပြီးမှ သိရှိနိုင်မည်ဟုဆိုသည်။

 

ထို့အပြင် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသဖြင့် မိသားစုနှင့် အဆက်အသွယ်ရရှိရန် စုံစမ်းလျှက်ရှိပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

#mhtnews