အတွင်းလူများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် ကရင်ပြည််၊ ဘားအံမြို့၊ ကားကြီးဝန်းအတွင်းကနေ လက်နက်ခဲယမ်း အများအပြားကို မတ်လ ၁၂ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေထဲမှာ တရုတ်စက်လက် ၁ လက်၊ M-22 ၁ လက်၊ AK-47 ၃ လက်၊ M-16 ၂ လက်၊ M-16 A-1 ၂ လက်၊ AR-15 ၁ လက်၊ Ekol Uzi ၄ လက်၊ Sigsauer ပစ္စတို ၁ လက်၊ Colt ပစ္စတို ၁ လက်၊ Tafical Pro-2 ၁ လက်၊ AK-SA 1911 ၁ လက်၊ Glock ပစ္စတို ၁ လက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

 

ခဲယမ်းတွေအနေနဲ့ကတော့ ၅.၅၆ ကျည် ၅၀၀၀ တောင့်၊ AK-47 ကျည် ၅၀၀ တောင့်၊ ၉ မမ ဘလိုင်းကျည် ၁၃၀ တောင့်၊ ၇.၆၂ ကျည် ၉၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၆၀၀ တောင့်၊ ၉ မမ ကျည် ၄၀၀ တောင့်၊ တရုတ် လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ စက်လက် ဘောက်ဝိုင်း ၂ ခု၊ ၅.၅၆ ကော်ကျည်အိမ် ၆ ခု၊ ၅.၅၆ သံကျည်အိမ်အရှည် ၁၇ ခု၊ ၅.၅၆ သံကျည်အိမ်အတို ၄ ခု၊ AK-47 ကျည်အိမ် ၆ ခု၊ Scope(တစ်ပေ) ၁ ခု၊ Scope(တစ်ပေ ၆ လက်မ) ၁ ခု၊ Scope(၈ လက်မ) ၁ ခုနဲ့ Ekol ကျည်အိမ်အရှည် ၄ ခုတို့ပါဝင်တယ်လို့ သိရပါတယ်။

#mhtnews