စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာ၌ ယနေ့ မတ်လ ၁၃ ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်မှာ တောင်သူလုပ်တဲ့အမျိုးသမီးတစ်ဦး PDF တွေထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

သေဆုံးသူ အမျိုးသမီးမှာ အဆိုပါ တောင်မြို့ကျေးရွာနေ မနုယဉ် (ဘ)ဦးမြဟန် ဆိုသူဖြစ်ပြီး ဂျုံရိတ်အငှားလိုက်ဖို့အတွက် ရွာတောင်ဘက်မှာရှိတဲ့ ဂျုံစိုက်ခင်းကိုသွားစဥ် PDF တွေထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာကနေ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

#mhtnews