ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး)ကလေး “ရဋ္ဌနန္ဒက” မှာ ယခုအခါ အသက် ၇ လသားအရွယ်သို့ ရောက်ရှိလာပြီဖြစ်ပြီး အရပ်အမြင့် ၃ ပေ ၂ ဒသမ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၅ ပေ၊ ကိုယ်အလေးချိန် ၃၈၅ ပေါင်ရှိလာပြီဖြစ်ကြောင်းနှင့် ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်၌ မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

#mhtnews