သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ကျင်းပခဲ့သည်ဟု သိရသည်။
ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Joyasingbe Mudhiyan selage Janaka Priyantha Bandaraနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LisTopaDov နှင့်တာဝန်ရှိသူများက သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဆီမီး ထွန်းညှိပေးကြသည်၊၊
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သီချင်းနှင့် သီရိလင်္ကာဒီမိုကရက်တစ် သမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က နှုတ်ခွန်းဆက် စကားပြောကြားကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်၊၊
ထို့နောက် သံအမတ်ကြီးနှင့်ဇနီးတို့က ဧည့်ခံပွဲသို့တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး သီရိလင်္ကာဒီမိုကရက်တစ် သမ္မတနိုင်ငံယဉ်ကျေးမှု အကအဖွဲ့ဝင်များက ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြသည်၊၊
အခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
Recent Comments