ကယားပြည်နယ်၊ လွိင်ကော်မြိုနယ်၊ ဇရပ်ဖြူကျေးရွာကိုသွားတဲ့ လမ်းမပေါ်မှာ အကြမ်းဖက်အုပ်စုထောင်ထားတဲ့ ကားမိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အိမ်စီးမော်တော်ယာဉ်တစ်စီး မိုင်းထိမှန်ကာ ယာဥ်ပေါ်ပါ အပြစ်မဲ့ပြည်သူ အမျိုးသား ၆ ဦးအနက် ၄ ဦးသေဆုံးပြီး ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နေ့လည် ၂ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။
သေဆုံးသူများမှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်နဲ့ ကိုစိန်မင်းတိုဖြစ်တယ်လိုသာသိရပြီး ကျန်အမျိုးသားတစ်ဦးဟာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးဘူးလို ဆိုပါတယ်။
ဖြစ်စဥ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၂ ဦးနဲ့ ပြန့်ကျဲပြီး တစ်ပိုင်းတစ်စစီဖြစ်နေတဲ့ ရုပ်အလောင်းတွေကို လွိင်ကော်ဆေးရုံသို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။
#mhtnews
Recent Comments