ပါတီဥက္ကဌအဖြစ် ဦးဌေးကျော် ဦးဆောင်သော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD) သည် ဖေဖော်ဝါရီ (၈)ရက်တွင် ပြည်ထောင်စုရွေးရွေးကောက်ပွဲကော်မရှင်ထံသို နိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရသိရှိရသည်။

အဆိုပါ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) သည် ၂၀၁၅၊ ၂၀၂၀ရွေးကောက်ပွဲများတွင် ၀င်‌ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်သည်။

လက်ရှိတွင် နစကမှ ကျင်းပပေးမည့် ရွေးကောက်ပွဲသို ဝင်ရောက်ယှဥ်ပြိုင်ရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လာရောက်လျှောက်ထားခဲ့သဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews