မန္တလေးမှ နေပြည်တော်သို မောင်းနှင်လာသော စေတနာမွန် လူနာတင်ယာဉ်ဟာ ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) ညနေ ၄နာရီကျော်အချိန်ခန့်မှာ အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၁/ ၂) ဖာလုံ၌ လမ်း၏ယာဘက်ရှိ ဘယ်ရီရာတုန်းကိုတိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွါးခဲ့တယ်လို သိရပါတယ်။

အဆိုပါ လူနာတင်ကားပေါ်မှာ အမျိုးသား ၂ဦး၊ အမျိုးသမီး ၃ဦးလိုက်ပါတာဖြစ်ပြီး အဲဒီအထဲက အမျိုးသား (၁) ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့တယ်လို ဆိုပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို 192 လူနာတင်ယာဉ်နဲ့ Light Truck ယာဉ်(၁)စီးတိုက တံတားဦးပြည်သူ့ဆေးရုံကို ပိုဆောင်ပေးခဲ့ရတယ်လို သိရပါတယ်။
#mhtnews