ပြည်ပနိုင်ငံများသို တွင်းထွက်သယံဇာတပစ္စည်း များတင်ပိုမှုမှ အမေရိကန်ဒေါ်လာ (၂၃၅) သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပြီး ယင်းပမာဏသည် ၂၀၂၂ ဧပြီလမှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ (၁၀) လအတွင်း ရရှိခဲ့သော ပမာဏဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် အဆိုပါ တွင်းထွက်သယံဇာတ ရောင်းချရမှုမှ ကန်ဒေါ်လာ (၅၆၄) သန်းရရှိထားခဲ့သဖြင့် ယခုရရှိမှုပမာဏသည် ယခင်ပမာဏနှင့် နှိင်းယှဉ်ပါက ဒေါ်လာသန်း (၃၃၀) သန်းခန့် လျော့နည်းသွားခဲ့သည်။

ထိုသို တင်ပိုရောင်းချခဲ့သော တွင်းထွက်ပစ္စည်းများထဲတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ အဖြိုက်နက်၊ သံဖြူ၊ ငွေ၊ ကြေးနီ၊ သွပ်၊ မီးသွေးနှင့် အခြားသော တွင်းထွက်သယံဇာတများ ပါဝင်ကြောင်း သိရသည်။
#mhtnews