အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဘယ်ကမှန်းမသိတဲ့ မိုးပျံပူဖောင်းကို တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းလိုစွပ်စွဲပြီး သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို သိရပါတယ်။

အမေရိကန်ငပွကြီးက အဆိုပါမိုးပျံပူဖောင်းကို တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းဆိုပြီး စွပ်စွဲနေပေမယ့် တရုတ်ဘက်ကတော့ အဲဒီ မိုးပျံပူဖောင်းတစ်စင်း ပျံသန်းခြင်းဟာ မတော်တဆမှုတစ်ခုသာဖြစ်ပြီး နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက အခြေအနေကို ပုံကြီးချဲ့နေကြတာလို ပြန်လည်စွပ်စွဲထားပါတယ်။

ဒါ့အပြင် ၎င်းမိုးပျံပူဖောင်းဟာ မိုးလေဝသနဲ့ အခြားသော သိပ္ပံနည်းကျ သုတေသနတွေမှာသာ အသုံးပြုတဲ့အရာဖြစ်တယ်ဆိုပြီး တရုတ်က အခိုင်အမာပြောဆိုခဲ့တယ်လို သိရပါတယ်။
#mhtnews