နေပြည်တော်စည်ပင်၊ စျေးများဌာန၊ လေလံတင်ရောင်းချရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် အရပ်ရပ်အခွင့်အရေးလိုင်စင် ၆၄ ခုကို စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
လေလံတင်ရောင်းချမည့်အထဲတွင် ပျံကျစျေးကောက်လိုင်စင်(၂၇)ခု၊ ရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်(၂၃)ခု၊ စက်ဘီး၊ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်(၁၄)ခုပါဝင်မည်ဖြစ်သည်။
အဆိုပါ ရောင်းချမှုကို နေပြည်တော်စည်ပင်၊စျေးများဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နံနက် ၁၀ နာရီမှစတင်၍ ပြုလုပ်မည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် ရောင်းချမည့်အခွင့်အရေးလိုင်စင်များ၏ ပေးသွင်းရမည့်အာမခံငွေကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ ဖေဖော်ဝါရီ ၁၇ ရက်နောက်ဆုံးထားပေးသွင်းရမည်ဖြစ်သည်။
ထို့အတူ လေလံလျှောက်လွှာများကို နေပြည်တော်စည်ပင်၊ဈေးများဌာနတွင် ရုံးချိန်အတွင်း ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လည် ၃ နာရီခွဲအထိ လာရောက်ဝယ်ယူလျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက ၀၆၇-၃၄၁၄၂ ၉၃၊ ၀၆၇-၃၄၁၄၁၆၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
Recent Comments