စစ်ကိုင်းမြိုပေါ်မှာ အကြမ်းဖက်တွေကို ထောက်ပိုလုပ်နေတဲ့ NLD အစွန်းရောက်အမျိုးသမီးတစ်ဦးကို ရွှေဘတွေရဲ့အစွမ်းနဲ့ ကြိုးစားဖော်ထုတ်ပြီး ထောင်ထမင်းကျွေးဖို အိပ်ကပ်ထဲကောက်ထည့်ထားလိုက်ပြီလို လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးရမိသူအမျိုးသမီးရဲ့ အမည်ဟာ “မေဆွိ” ဖြစ်ပေမယ့် အဆိုတော်မေဆွိတော့မဟုတ်ဘဲ စစ်ကိုင်းမြို၊ နန်းတော်ရာရပ်ကွက်မှာ အိမ်ငှားနေထိုင်ပြီး ၎င်းရပ်ကွက်မှာရှိတဲ့ တာရိုးကြီးလမ်းဘေးမှာ အအေးဆိုင်ဖွင့်ရောင်းနေတဲ့ ဒေါ်မိမိဆွေ (ခ) မေဆွိ (၅၀) နှစ် ဆိုသူဖြစ်တယ်လို ဆိုပါတယ်။

၎င်းအမျိုးသမီးဟာ ဝက်လက်မြိုနယ်၊ ရှိမ်းမကားကျေးရွာတစ်ဝိုက်မှာ သောင်းကျန်းနေတဲ့ အကြမ်းဖက်ခေါင်းဆောင် ဗိုရိုင်းဆိုသူရဲ့ အကြမ်းဖက်အုပ်စုကို ထောက်ပိုလုပ်ပေးနေသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထောင်ထမင်းစားရဖို သေချာနေပြီလို သိရပါတယ်။
#mhtnews