စစ်ကိုင်းမြိုနှင့် ၂၄ မိုင်ခန့်အကွာရှိ ညောင်ပင်ဝန်ရဲကင်းစခန်းရှေ့၊ စစ်ကိုင်း- မုံရွာ ကားလမ်းမပေါ်ကိုတက်ပြီး ရေသန့်ဘူးသွားလဲတဲ့ ရဲကင်းစခန်းမှူး၊ ရဲအုပ် လှကိုအပါ ၄ ဦးတိုဟာ အကြမ်းဖက်အုပ်စုရဲ့ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံလိုက်တယ်လို ဒေသခံတွေက ပြောပါတယ်။
ယင်းဖြစ်စဥ်ဟာ ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်) မနက် ၇ နာရီ မိနစ် ၅၀ ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်အုပ်စုမှ လက်လုပ်မိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ပြီးမှ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို ဆိုပါတယ်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ရဲဒုတပ်ကြပ် သန်းညွှန့်ဦးနဲ့ ရဲတပ်သား မြတ်တိုးမောင်တိုနှစ်ဦး ကျဆုံးခဲ့သလို ရဲကင်းစခန်းမှူး လှကိုနဲ့ ရဲဒုတပ်ကြပ် သန်းဇော်တိုမှာ ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တယ်လို သိရပါတယ်။
#mhtnews
Recent Comments