မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စု၊ ခရွဲကျေးရွာတောင်ပိုင်းရှိ “ပြည့်ဖြိုး” သရက်ခြံတွင်း၌ အကြမ်းဖက်အုပ်စုများ ခိုအောင်းနေပြီး အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော အဆိုပါ ခရွဲကျေးရွာသားများက MHT News သို သတင်းပေးပိုလာခဲ့ပါသည်။

၎င်းအကြမ်းဖက်အုပ်စုများသည် ထင်းတဲပိုင်းသိုက်ကျောင်းမြှောင်အတွင်းရှိ စောနန်းထူးခြံမှနေ၍ ဒရုံးလွှတ်တင်ကာ မြစ်ကျိုးအင်းကျေးရွာရှိ အစိုးရအဆောက်အဦးများကို ဗုံးချတိုက်ခိုက်မှုများ ပြလုပ်လေ့ရှိသည်ဟုဆိုသည်။

ထိုပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် ကျိုက်ထီးရိုးဘုရားဖူးရန် လာရောက်သော ဘုရားဖူးယာဥ်ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာလည်း ၎င်းအကြမ်းဖက်အုပ်စုများပင်ဖြစ်ကြောင်းနှင့် စစ်တောင်းစက္ကူစက်ရုံဘေးလမ်းမှဝင်လျှင် အကြမ်းဖက်များ၏ စစ်ဆေးရေးဂိတ်များရှိကြောင်းလည်း သိရသည်။
#mhtnews