ကိုရီးယားသမ္မတနိုင်ငံသို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော မြန်မာလုပ်သား ၅၁ ဦးတိုသည် ယနေ့ (ဖေဖော်ဝါရီ ၉ ရက်)တွင် ရန်ကုန်မြိုမှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိခဲ့ကြောင်း ဆိုးလ်မြိုရှိ မြန်မာသံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။
ရောက်ရှိလာသော မြန်မာလုပ်သား ၅၁ ဦးအနက် ၄၁ ဦးတိုသည် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်မည့် Re-entry လုပ်သားများဖြစ်ကာ ကျန် ၁၀ ဦးမှာ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့် Re-entry လုပ်သားများဖြစ်သည်။
ရောက်ရှိလာသော မြန်မာလုပ်သားများကို ဆိုးလ်မြိုရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments