ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ ဝန်ထမ်းအိမ်ရာ ၁၈၂ လုံး အိမ်ခန်းပေါင်း ၆၇၄ ခန်းအပါအဝင် အငှါးအိမ်ရာ၊ အရောင်းအိမ်ရာတို့မှ အိမ်ခန်းပေါင်း ၈၆၄ ခန်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ခန်းပေါင်း ၈၆၄ ခန်းထဲတွင် အငှါးအိမ်ရာ ၇၆ လုံးမှ အိမ်ခန်းပေါင်း ၁၄၂ ခန်းပါဝင်ပြီး အရောင်းအိမ်ရာ ၃ လုံးမှ အိမ်ခန်းပေါင်း ၄၈ ခန်းပါဝင်သည်။
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြု သောအားဖြင့် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၌ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၄၆၂၃)သိန်းကျော်ဖြင့် တည်ဆောက်ခဲ့သည့် အိမ်ခန်း ၁၆ ခန်းပါဝင်သော လှိုင်းဘွဲဝန်ထမ်းအိမ်ရာ လေးခန်းတွဲလေးထပ်အဆောက်အဦး ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျင်းပခဲ့သည်ဟု သိရသည်။
အဆိုပါဝန်ထမ်းအိမ်ရာဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အားသွန် ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းများသည်လည်း အရေးကြီးသည့်အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဝန်ထမ်းများ၏ နေထိုင်မှုဘဝ အဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာ များကို တည်ဆောက်ပေးလျက်ရှိကြောင်း၊ မြေနေရာ ရရှိမှုနှင့်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြည်နယ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ကရင်ပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ် ရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် ၄ လုံး အခန်းပေါင်း ၆၄ ခန်းကို တင်ဒါခေါ်ယူ တည်ဆောက်ခဲ့ရာ ယခုအခါဝန်ထမ်းအိမ်ရာ ၃ လုံး အခန်းပေါင်း ၃၆ ခန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် မြဝတီမြို့မှ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦကိုလည်း မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ပြန်/ဆက် သတင်းများအရ သိရသည်။
Recent Comments