အရပ်သားအာဏာရှင်အစိုးရဖြစ်တဲ့ NLD လက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက “YP” အမည်နဲ့ စက်သုံးဆီအရောင်းဆိုင်ဖွင့်ဖို့ဆိုပြီး Yangon Petrol Co.,Ltd ကို ခွင့်ပြုထားခဲ့တဲ့ နှစ် ၆၀ မြေငှားစာချုပ် ၂ ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပယ်ဖျက်လိုက်ပြီလို့ ဒီကနေ့ထုတ် နိုင်ငံပိုင် “ကြေးမုံ” သတင်းစာမှာ အသိပေးဖော်ပြထားပါတယ်။

 

” Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရောင်းချရန်အတွက် မရမ်းကုန်းမြို့နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်များအတွင်းရှိ မြေနေရာများအားဌာနမှ နှစ် ၆၀ မြေငှားစာချုပ် (ဂရန်)များ ထုတ်ပေးထားမှုနှင့်ပတ်သက်၍ အောက်ဖော်ပြပါ မြေနေရာများတွင် ထုတ်ပေးထားသည့် နှစ် ၆၀ မြေငှားစာချုပ် (ဂရန်) များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပြီးဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။” ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထုတ်ပြန်ခဲ့တာပါ။

 

ပယ်ဖျက်လိုက်တဲ့ မြေနေရာတွေကတော့ မရမ်းကုန်းမြို့နယ်၊ မြေကွက်အမှတ် (၁၃/ က) ရှိ ၃.၇၁၄ ဧကနဲ့ သင်္ကန်းကျွန်းမြို့နယ်၊ မြေကွက်အမှတ် (၂/ A) ရှိ ၀.၆၉၉ ဧက ရှိမြေနေရာတွေဖြစ်တယ်လို့ သိရပါတယ်။

#mhtnews