ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ချယ်ရီလမ်းမှာရှိတဲ့ Wave Money ဆိုင်ကို ဇန်နဝါရီ ၁၇ ရက်နေ့က တစ်သောင်းတန်အတုတွေနဲ့ ငွေလာလွှဲတဲ့အမျိုးသမီး ဆိုင်ရှင်ရဲ့ပါးနပ်မှုကြောင့် အဖမ်းခံရပြီး အချုပ်ထဲရောက်သွားတယ်လို့ သိရပါတယ်။
တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၂၆ ရွက်ကို လာလွှဲသူအမျိုးသမီးဟာ အမှတ် (၁၁) ရပ်ကွက်၊ စံပါယ်လမ်းရှိ အဆောင်တစ်ခုမှာနေထိုင်တဲ့ မယုယုထွေး(ခ) ယုယဆိုသူဖြစ်ပြီး ငွေတုတွေမှန်း သိလိုက်တဲ့ Wave Money ဆိုင်ရှင်က သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ၎င်းအမျိုးသမီးကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှာ အမူဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
#mhtnews
Recent Comments