ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ ယနေ့ (ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းတွင် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် KNPP သူပုန်အဖွဲ့နှင့် NUG အရိုးကိုက် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

 

 

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/သူ ၆ ဦး၊ အပြစ်မဲ့ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့အရပ်သား ကျား ၁ ဦး သေဆုံး ခဲ့သည်။

 

 

 

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများအား အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရရှိအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

#mhtnews