(၇၆)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို စာအုပ်စျေးရောင်းပွဲတော်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ဆေးရုံဟောင်းရှေ့ လမ်းမဘေး၌ ယနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက်ပိုင်းမှစတင်ကာ ၁၀ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စာအုပ်စျေးရောင်းပွဲတော်ကို တာချီလိတ်မြို့၊ စာရေးဆရာအသင်းနှင့် ဘကြီးအောင် စာပေတို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင် ဦးဆောင်သော ခရိုင် / မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စာပေဝါသနာပါသည့် တာဝန်ရှိသူများမှလာရောက်ကြည့်ရှု့ ဝယ်ယူအားပေးခဲ့သည်ဟုဆိုသည်။

၁၀ ရက်ကျော်ကြာ ကျင်းပပြုလုပ်မည့် အဆိုပါစာအုပ်စျေးရောင်းပွဲတော်အတွင်း တရားစာအုပ်များ၊ လူငယ်ရေးရာ ဗဟုသုတ စာပေစာအုပ်များ၊ ကဗျာ အလင်္ကာစာအုပ်များ၊ မှုခင်းနှင့်ပတ်သက်သည့် အသိပညာပေး ဗဟုသုတ စာအုပ်များ စသည့် ရသစုံ စာပေစာအုပ်များကို အထူးလျော့စျေးဖြင့်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

#mhtnews