ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအပြင်ဘက်၌ လျှပ်စစ်ကားအားသွင်းရုံ (Charging Station)ကို E2 အမျိုးအစား လျှပ်စစ်ကားအစီး ၄၀ ကိုတင်သွင်းခဲ့သည့် Myanmar Brillance Auto Co.,Ltd က စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များတွင် ကျယ်စွာအသုံးပြုနိုင်ရန် ကနဦး ရှေးပြေးစီမံကိန်း(Pilot Project)ကာလကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားရှိပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါ လျှပ်စစ်ကားများ အားသွင်းနိုင်ရန် အမြန်လမ်း ၁၁၅ မိုင်တွင်လည်း charging station ၅၀ ထားရှိမည်ဖြစ်ကာ နေပြည်တော်သပြေကုန်းတွင်းလည်း charging station များ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments